မြောင်းမြ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာတို့ပူးပေါင်းပြီး တိုက်ကွမ်ဒိုအားကစားသင်တန်းကို ယမန့်နေ့ ညနေ (၄)နာရီကဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် လူငယ်များကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်၊ ချစ်ခင်စည်းလုံးမှုရှိစေရန်၊ အသင်းအဖွဲ့စိတ်ဓာတ် ဖြင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်ရည်ရွယ်၍ အားကစားသင်တန်းများ၊ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုတိုက်ကွမ်ဒိုသင်တန်းကိုလည်း (၂၀၂၁)ခုနှစ်၊ဒီဇင်ဘာ(၂၃) ရက်နေ့မှ (၂၀၂၂)ခုနှစ်၊ဇန်နဝါရီလ(၂၀)ရက်နေ့အထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းနှင့်အဆိုပါ သင်တန်းသို့မြို့ပေါ် (အ.ထ.က−၁) (အ.ထ.က−၃) (အ.ထ.က−၄)နှင့် (အ.ထ.က−၆)မှ သင်တန်းသား/ သင်တန်းသူ(၅၀)ဦး တက်ရောက်လျက်ရှိပြီး နည်းပြများဖြစ်သည့် မနန်းမြတ်သူ၊ မနှင်းနှင်းခိုင်နှင့်မောင်ဇင်သန်း ကိုတို့မှသင်ကြားပြသပေး သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
စန္ဒာကြည်