မြောင်းမြ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယမန်နေ့ညနေ (၃)နာရီကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာကြည် (ဦးစီးအရာရှိ)ကအမျိုးသမီးများအနေဖြင့် တစ်ပိုင်တစ်နိုင်ဝင်ငွေရှာဖွေနိုင်ရန်နှင့် အချိန်ကို အကျိုး ရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဖြစ်သူဒေါ်စန္ဒာညွန့်(သမဦးစီးမှူး)(Women Club) အဖွဲ့ဝင်က ဆပ်ပြာဆီ ပြုလုပ်ရာတွင်ထည့်သွင်း အသုံးပြုရသော ဓာတုပစ္စည်းများ၏ အမျိုးအစား၊ ပါဝင်သည့်အချိုးအဆ ပမာဏ၊ ဂုဏ်သတ္တိများ၊ ဆပ်ပြာဆီပြုလုပ်ပုံအဆင့်ဆင့်နှင့် ဆပ်ပြာဆီတွင်ပါဝင်သောပစ္စည်းများ အားလုံးပျော်အောင်ဖျော်ပြီးပါက (၈)နာရီကြာထားပြီး သုံးစွဲနိုင်ကြောင်းကို ရှင်းလင်းပြောကြား ပေးခဲ့ပါသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
စန္ဒာကြည်