ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်  ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိမည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

ထိုသို့ အားကစားပြိုင်ပွဲများကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်သောလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စုပေါင်း ဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ပူပေါင်းဖေါက်ပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကို ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြ ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)