ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဟိုင်းကြီးကျွန်း မြို့ရုံးလူထု အခြေပြုဗ ဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန် ကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကိုနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရုံးတွင်း နံရံကပ် စာစောင်တွင် ပြသဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများနှင့်ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ပြသလျက်ရှိရာ အ.ထ.က အဏ္ဏဝါ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
နွေးနွေး