ဟုမ္မလင်း ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မြို့နယ်ပြန် /ဆက်ဉီးစီးအရာရှိ ဦးဧဆက်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ် လာပုံသမိုင်းအကြောင်း ရှင်းလင်းဟောပြောပြီး စာကြည့်တိုက်မှူး ဒေါ်နန်းမဉ္ဇူအေးက ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ပတ်သက်၍ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ဆေးရောင်ခြယ်ပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ ဟုမ္မလင်းမြို့အ.မ.က (၁) မှ ကျောင်းသား ကျောင်းသူ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချန်လော (ဟုမ္မလင်း)