အောင်လံ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုရုံးတွင်ဆောင်ရွက်မှုနှင့် ကွင်းဆင်းဆောင်ရွက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် ယနေ့၌ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများအား နိုင်၃က(၆)ဦး၊ နိုင်၆က(၆)ဦး၊ လဲလှယ်(၁၅)ဦး၊ မိတ္တူ(၁၃)ဦး၊ စုစုပေါင်း(၄၀)ဦး တို့အားနေ့ချင်းပြီးပြုလုပ်ပေးနိုင်ခဲ့ပြီး အောင်လံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် (၂၈၇၉) ဦးဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ (၅၉၉၄) ဦးအားဆောင်ရွက် ပေးထားပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြုလုပ်ပေးခြင်းကို ဒေသခံပြည်သူ များအဆင်ပြေစေရန် ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသလို ကျန်ရှိသည့် ဒေသခံပြည်သူများအတွက်လည်း စဉ်ဆက်မပြတ် ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူးထံမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)