ထား၀ယ် ဒီဇင်ဘာ ၂၄
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Telegram Channel လက်တွေ့ အသုံးပြုနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ အခြားလူမှုမီဒီယာများကဲ့သို့ Telegram Application ကို အသုံးပြုသူ များပြားလာသည်ကိုတွေ့ရှိရကြောင်း ၊ Telegram ကို Android Phone များအတွက် ဆိုပါက Google Play Store နှင့် အခြားသော App Store များတွင်လည်း အလွယ်တကူ Download ဆွဲ၍ရရှိနိုင်ကြောင်း၊ Telegram အား ဖုန်းနံပါတ်ရှိရုံဖြင့် အလွယ်တကူ ဝင်ရောက်နိုင်သော Channel တစ်ခုဖြစ်ကြောင်း၊ Telegram ရှိ search bar တွင် သတင်း Channel များ၊ ရုပ်သံ Channel များ၊ ဖျော်ဖြေရေး Channel အပါအဝင် စသည်တို့ကို လေ့လာရှာဖွေနိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် Telegram Channel အားအသုံးပြုရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး/ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက သင်တန်းသား ဝန်ထမ်း များအား Telegram Account ဖွင့်နည်း၊ Telegram Channel တည်ထောင်နည်း၊ သတင်းလွှင့်တင်နည်း၊ Privacy ထားရမည့် features များ ပြောင်းလဲနည်း၊ Folder ဖွဲ့ပြီး Menu bar တင်နည်း၊ Channel link ချိန်းနည်း၊ Group ဖွဲ့နည်း၊ Forward လုပ်နည်းနှင့် Plus messenger အသုံးပြုကာ forward ပြုလုပ် သည့် စာသားများပြန်လည် Edit ပြုလုပ်နည်းနှင့် မိမိသိမ်းလိုသော အကြောင်းအရာများအား Save Message တွင် သိမ်းထားနိုင်ကြောင်း စသည်တို့ကို လက်တွေ့သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)