ပိုင်ကျုံ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နံနက် (၉)နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်/ စာစောင်နှင့် နံရံကပ်စာစောင်များ ခင်းကျင်း ပြသပေးခဲ့ကြောင်း သိရသည်။
ကျောင်းသား/ ကျောင်းသူများ အနေဖြင့် နေ့ထူးနေ့မြတ်များအား မမေ့ကြရန် လွတ်လပ်ရေး ရယူပေးခဲ့သော သမိုင်းကြောင်းများကို ပြန်လည်အမှတ်ရစေရန်၊ စာကြည့်တိုက်အား အကျိုးရှိ စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာအုပ်/စာစောင်များကို လည်း ပြသပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)