ပွင့်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက ပွင့်ဖြူမြို့နယ်    ကံသာကြီးအုပ်စုကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ အသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ် အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက် အသိပေးရှင်းလင်း ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေ လုံခြုံရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်ဆေးထိုး အကြိမ်ရေ ပြည်မီအောင် ထိုးနှံကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိကြရန်၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာ အေးချမ်းသာယာမှုရှိစေရေးတို့ကို ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဌာနအလိုက် ချပြရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လေးထားလိုက်နာသွားကြရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။ 

ခင်ဝါဝါလှိုင် (ပြန်/ဆက်)