အမာ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ များကို ယမန်နေ့နံနက် (၁၀) နာရီက ကျောင်းဝင်း အတွင်းရှိ ရတနာခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် အထက်တန်းပြဆရာမတစ်ဦးမှ မျိုးဆက်သစ် လူငယ်လူရွယ် ကျောင်းသား/သူများ အား လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေးအနှစ်သာရကို သိရှိပြီး တန်ဖိုးထား မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများအား ဆက်လက်ပြုလုပ်ခဲ့ပြီး အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အမာ (ပြန်/ဆက်)