မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ ရေနံချောင်း တက္ကသိုလ်နည်းပြ သရုပ်ပြသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် ပါမောက္ခ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

ရေနံချောင်း ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် နည်းပြ၊ သရုပ်ပြသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် ပါမောက္ခများ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်ပရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် ဥပဒေချုပ်တို့  တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားရာ နည်းပြ၊ သရုပ်ပြသစ်လွင်တွေကို QA လို့ခေါ်တဲ့ (Quality Assurance)နဲ့ မိတ်ဆက် ပေးတဲ့သဘောဖြစ်ကြောင်း၊ နည်းပြ၊ သရုပ်ပြသစ်လွင်များ မွမ်းမံသင်တန်းနဲ့ ပါမောက္မများ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ အုပ်ချုပ်မှုဆိုင်ရာမှာ လိုအပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ၊ သင်ကြားသင်ယူမှုတွေ၊ ဝန်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးခဲ့တဲ့အတွက် စီမံခန့်ခွဲမှုပိုင်းမှာ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ ဆရာဆရာမဆိုတာ ကျောင်းသား၊ ကျောင်းသူများရဲ့ နမူနာ စံပြကောင်းတွေ ဖြစ်နေရမှာဖြစ်ပြီး စာကိုချည်းသင်တာမဟုတ်ဘဲ စိတ်ကိုလည်း ယဉ်ပါး သိမ်မွေ့အောင် ရိုးရာဓလေ့ထုံးတမ်းတွေကို မြတ်နိုးတန်ဖိုးထားတတ်လာအောင် အလျဉ်းသင့်ရင် သင့်သလို ပဲ့ပြင်ဆုံးမပေးစေလိုကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနဲ့လည်း တက္ကသိုလ်တွေ အရည်အသွေး တိုးမြှင့်ဆောင်ရွက်ရာမှာ ဆရာဆရာမဦးရေ တိုးမြှင့်ခန့်ထားရေး၊ အရည်အသွေး မြင့်မားရေး၊ သင်ရိုးညွှန်းတမ်းနဲ့ မာတိကာများခေတ်မီရေ၊ ဒေသတွင်း စီးပွားရေးအထောက် အကူပြု သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်စေရေးစတဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နည်းပြသရုပ်ပြ သစ်လွင်များအနေနဲ့ အချိန်တိကျမှန်ကန်ခြင်း၊ ဖင့်နွဲ့ ကြန့်ကြာခြင်း အချိန်ဆွဲခြင်းမလုပ်ဆောင်ခြင်း၊ လျင်မြန်ဖျတ်လတ်ပြီး ချက်ချင်းအကောင် အထည်ဖော်တတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ အဆင်သင့်ပြင်ဆင်ခြင်း၊ ကျွမ်းကျင်ခြင်း၊ ပါဝင် ဆောင်ရွက်တတ်ခြင်း၊ ကြိုတင်စဉ်းစား ဆောင်ရွက်တတ်ခြင်းဆိုတဲ့ အချက်()ချက်နဲ့အညီ လိုက်နာကျင့်ကြံစရာ အရည်အချင်းတွေနဲ့ ပြည့်မီအောင် ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ပါ ကြောင်း၊ ဒါ့အပြင် မဆိုင်းမတွတုံ့ပြန်ခြင်း၊ တုန့်ပြန်တတ်ခြင်း၊ အဆင်သင့်ပြင်ဆင်ထားခြင်းဆိုတဲ့ အရည်အသွေးတွေနဲ့ ပြည်စုံနေဖို့လည်းလိုကြောင်း၊ အတွေ့အကြုံရင့်ကျက်ပြီးဖြစ်တဲ့ ဆရာကြီး ဆရာမကြီးများရဲ့ လမ်းညွှန်မှု သွန်သင်မှုကိုလည်း အမြဲလိုက် နာကျင့်ကြံစေလိုကြောင်း၊ ဆရာ ဆိုတာ ထာဝရကျောင်းသားဆိုတဲ့ စကားအတိုင်းခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ နည်းပညာတွေ ကိုလည်း မျက်ခြည်မပြတ် လေ့လာနေဖို့လိုကြောင်း၊ နိဂုံးချုပ်အနေနဲ့ နောင်အနာဂတ်မှာ နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်တဲ့ လူ့စွမ်းအားအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက် သွားစေလိုကြောင်းနှင့် နိုင်ငံတော်ရဲ့ ပညာရေးမျှော်မှန်းချက်တွေ အောင်မြင်အောင် အကောင် အထည်ဖော်နိုင်ဖို့၊ ယနေ့ပညာခေတ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဆရာဆရာမ တို့ အနေနဲ့ ရွက်စုံလွှင့်၍ တက်ကုန်ဖွင့် ကြိုးစားသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေနံချောင်းတက္ကသိုလ်မှ နည်းပြ၊ သရုပ်ပြသစ်လွင်(၇၅)ဦး၊ ဘာသာရပ်ကိုယ်စားလှယ်()ဦးနှင့် လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းမှ ပါမောက္ခ(၁၇)ဦး တို့အား သင်တန်းဆင်းလက်မှတ် များကိုလည်းကောင်း၊ ဆွေးနွေး ပို့ချသူ(၁၄)ဦးအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေနံချောင်းမြို့နယ်ရှိ အစိုးရ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နည်းပြ၊ သရုပ်ပြသစ်လွင်များ မွမ်းမံသင်တန်ဆင်းပွဲနှင့် ပါမောက္ခများ လုပ်ငန်းစွမ်းရည် မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ နည်ပြ သရုပ်ပြသစ်လွင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်