ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းတွင် လွတ်လပ်ရေးနေ့ အ ကြိုအားကစားပြိုင်ပွဲများကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင် ယမန်နေ့ညနေ (၃) နာရီက (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ များကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများပြုလုပ်ရာတွင် အ-ထ-က (ရွှေသောင်ယံ) ရှိ ကျောင်းသား၊ ကျောင်းသူ များ လာရောက်၍ ယှဉ်ပြိုင်ကစားကြရာ ထုတ်စည်းထိုးပြိုင်ပွဲ၊ ဂုဏ်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ပူစီပေါင်း ဖောက်ပြိုင်ပွဲစသည့် ကစားနည်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထို့သို့ ယှဉ်ပြိုင်ကစားကြသည့်‌ ကျောင်းသား၊ကျောင်းသူများ၏ပြိုင်ပွဲများကို ရွှေသောင်ယံမြို့  ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများမှကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီး လာရောက်ယှဉ်ပြိုင်ကြသည့်‌‌ ကျောင်းသား၊ ကျောင်းသူများအား မုန့်များဖြင့် ကျွေးမွေး ဧည့်ခံပေးခဲ့ကြောင်း သိရသည်။

ကိုကိုမောင်