မအူပင် ဒီဇင်ဘာ ၂၄
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့အထိမ်းအမှတ် (Talk Show) ကို မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂နာရီတွင် ကျင်းပ ခဲ့သည်။
ဆွေးနွေးပွဲတွင် မအူပင်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်ဆရာ ဦးဘိုထွေးက လွတ်လပ်ရေး နောက်ခံ သမိုင်းကြောင်း၊ ကျူးကျော်စစ်သုံးကြိမ်ပေါ်ပေါက်လာမှုများ၊ လွတ်လပ်ရေး အထိမ်းအမှတ်ကဗျာနှင့် လွတ်လပ်ရေးနေ့ ဦးတည်ချက်များအား ယနေ့ခေတ်လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေး ပြောကြား ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မအူပင်ခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြုလုပ်ဆောင်ရွက်ပေးပြီး မအူပင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက်Pageတွင်လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။