ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၉၆)ဦးအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကြံခင်း.  ဒီဇင်ဘာ.   ၂၃ 

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်  ကြံခင်းမြို့တွင်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၉၆)ဦးအားယမန်နေ့မွန်းလွဲပိုင်းကကြံခင်းမြို့နယ်သာသနာ့ဗိမာန်စုရပ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovace )(ပထမ)အကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရသည်။ 

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး၊မြို့နယ်မီးသတ်တပ်ဖွဲ့များပူးပေါင်းပြီး  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူ(၂၉၆)ဦးအား(ပထမ)အကြိမ်ကာကွယ်ဆေး(Sinovace )ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင်ကာကွယ်ဆေးလာရောက်ထိုးနှံကြသောအသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါကဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင်ချက်ချင်းကုသပေးနိုင်ရေးအတွက်ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။

မိုးမိုး