ငရုတ်ကောင်း ဒီဇင်ဘာ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အထက)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်း တွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲ၊ ထုပ်စီး ထိုးပြိုင်ပွဲ၊ အာလူးကောက်၊ ဇွန်းကိုက်၊ ဂုန်နီအိတ်စွပ်၊ ပူစီပေါင်းဖောက်ပြိုင်ပွဲများ ပါဝင်ကျင်းပဆောင်ရွက်ခဲ့ကြရာ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဦး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့၌ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)