ဒေးဒရဲ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အတွင်း လူဦးရေစာရင်း ကြိုတင်ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် (၂)နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်မြတ်သူက မြို့နယ်အတွင်း လူဦးရေစာရင်း ပြုစုခြင်းဆိုင်ရာ အပတ်စဉ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို နှိုင်းယှဉ်သုံးသပ်တင်ပြခဲ့ပြီး၊ လူဦးရေစာရင်းပြုစုနိုင်ရေး အစည်းအဝေးသို့ တက်ရောက်လာသည့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များအနေဖြင့် လုပ်ငန်းများ အချိန်နှင့်တပြေးညီပြီးစီးရေး ပူးပေါင်းဆောင်ရွက် ပေးခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် မဲစာရင်းလူဦးရေစာရင်း ကြိုတင်ပြုစုခြင်းကို (၁၅၀၀၀၀)ဦး လျာထား ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြုစု ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မဲစာရင်းလူဦးရေ (၁၇၇၈၂၃)ဦး ဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အေဇာလင်း