ဖျာပုံ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်( ၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်စာအုပ်စာစောင်ပြသ ခြင်းကိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ယနေ့နံနက်(၁၀)နာရီအချိန်ကကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်းများနှင့်အညီပြုလုပ် ကျင်းပကြသည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အသင်းအဖွဲ့ဝင်ဆရာဟန်ဝင်း အောင်ကကျောင်းသား၊ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန်အတွက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းမျာ;၊လွတ်လပ်ရေး အဓိပ္ပါယ် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ စသည့်လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့်သိကောင်းစရာများအားအသိပညာပေးဟောပြောခဲ့ပြီးစာပေအသိပညာဗဟုသုတရရှိစေရန်၊စာပေကို
မြတ်နိုးတန်းဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုသည့် အလ့အထကောင်းများ ရရှိစေရန်၊ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနှင့်ထိန်းသိမ်းမှုသမိုင်း၊ လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ စာအုပ်များကိုခင်းကျင်းပြသထားကြောင်းသိရှိရသည်။