ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်

ဘားအံ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ  ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍  ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်ရိုက်ကူး ဆောင်ရွက်ရာတွင် ပြည်သူများကျန်းမာရေးနှင့်ကိုယ်ခံအား စနစ်ကောင်းမွန်ပြီး ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ပြည်သူများ၏ နေ့စဉ်ဘဝ လှုပ်ရှားမှုများတွင် အသက်အရွယ်မရွေး ပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါ ကစားနိုင်ရန်ရည်ရွယ်၍ ရိုက်ကူးတင်ဆက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားမှုများကို အသက်အရွယ်မရွေး ပြုလုပ်နိုင်သည့် အားကစားနည်း များကို  Online မှတစ်ဆင့် လိုက်ပါကစားနိုင်ရန်  ရိုက်ကူးတင်ဆက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)