အထက်မင်းလှ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီ က မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးပြီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှံရန် အသက် (၁၈)နှစ်အထက် ပြည်သူ ၉၇၇၃၈ ဦးရှိပြီး ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူ ၆၁၃၁၉ ဦးနှင့်၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၄၇၇၈၁ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)