ပန်းခင်းစီမံချက်ဖြင့် သရက်ချဉ်ကျေးရွာသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

နတ်မောက်   ဒီဇင်ဘာ    ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့နံနက် () နာရီအချိန်ခန့် က သရက်ချဉ်ကျေးရွာသို  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်    သရက်ချဉ်ကျေးရွာအတွင်းရှိ ပြည်သူများအား (က)ဖြင့် ပြုလုပ်သူ ကျား(၂၉)ဦး၊ (၂၅)ဦး၊ (က)ဖြင့် ပြုလုပ်သူ ကျား ()ဦး၊ (၁၄)ဦး၊ စုစုပေါင်း (၇၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရန်  ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းမြတ် (နတ်မောက်)