ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမရှိ ဆေးရုံဆင်းခွင့်ရသူ (၅၆၀၈) ဦးရှိ

ကယား   ဒီဇင်ဘာ  ၂၃

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်ရက်နေ့ အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၅၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၅၈၇၅) ဦး၊ ယနေ့အထိ ဆေးရုံဆင်း လူနာ စုစုပေါင်းပ၈(၅၆၀၄)ဦးရှိပြီး ယနေ့သေဆုံးလူနာမရှိ၊ သေဆုံးလူနာ စုစုပေါင်းမှာ (၂၄၄)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၁၂) ဦး၊ ဘောလခဲမြို့နယ်တွင် (၂)ဦး၊ ရှားတောမြို့နယ်တွင် (၈)ဦး ​စုစုပေါင်းလူနာ (၂၂) ဦးတို့ အားထားရှိ ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။