လက်ပံတန်းမြို့ မြို့မဈေးအတွင်း/အပြင်၌ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လက်ပံတန်း ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းစန်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်၌ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဈေးရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြသည်။ နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်၍ ဈေးရောင်းချသူများအနေဖြင့် သုံးကြိမ်မြောက် စည်းကမ်းလိုက်နာမှုမရှိပါက ဈေးရောင်းချခွင့် ယာယီရပ်ဆိုင်းပြီး သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါရပ်တန့်ဖို့ ရောဂါကာကွယ်ရေး နည်းလမ်းများကို အားလုံး ဆက်လက်လိုက်နာလို့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး