ဘောဂလိမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲကျင်းပ

ဘောဂလိ  ဒီဇင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသခြင်းနှင့် ဟောပြောပွဲ ကျင်းပခြင်းကို ယနေ့ နံနက် ၉ နာရီက ဘောဂလိမြို့ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ထို့နောက် ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်မှ လွတ်လပ်ရေးနေ့ ဖြစ်ပေါ် လာပုံ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် အတူတကွကြိုးပမ်းခဲ့ကြသည့် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းများနှင့် အသိပညာဗဟုသုတ တိုးပွားစရာများ၊  လွတ်လပ်ရေးနှင့်ပတ်သက်၍ ဆရာမြင်းမူ မောင်နိုင်မိုး၏ အထွတ်အမြတ် တွေးလွတ်လပ်ရေး ဟူသော ကဗျာ၏ အနှစ်သာရအကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် နံရံကပ်စာစောင်များ ပြသရာတွင် ဘောဂလိမြို့ မိဘပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

ဘောဂလိ (ပြန်/ဆက်)