ပလောက် ဒီဇင်ဘာ ၂၃
ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ သည် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့မဈေးနှင့် ဈေးဆိုင်များ၊ လူစည်ကားရာနေရာများ တွင်(191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုပါက (191) နံပါတ် (၃) လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ပါသည်၊ မီးဘေးနှင့် သဘာဝဘေး အန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖို အသုံးပြုလျှင်၊ လျှပ်စစ်ဓာတ်အားသုံးလျှင်၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်၊ မိသားစု အားလုံး အပြင်သွားမည်ဆိုလျှင်၊ ဘုရားမီး၊ အမွှေးတိုင် မီးပူဇော်လျှင်၊ အထပ်မြင့်တိုက်များ မီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ် ကြုံတွေ့ရလျှင် ဆောင်ရန်ရှောင်ရန်များနှင့် မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်နာ ဆောင် ရွက်ရမည့်အချက်များ ပါဝင်သည့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များကို ပလောက်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးမျိုးမြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)