ဖာပွန် ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုး သူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိ သတ်များနှင့် သားငယ် သမီးငယ်များအတွက် ဗဟုသုတရရှိစေရန် ဖာပွန်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ၊ စာကြည့်တိုက် လှုပ်ရှားဆောင်ရွက်မှုများကို ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရိုက်ကူးတင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ယခုကဲ့သို့ Online စနစ်ဖြင့် ဖာပွန်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တင်ဆက်ပေး ခြင်းဖြင့် ကိုဗစ်ကာလ ပြည်သူများ အနေဖြင့် စိတ်အပန်းဖြေမှုနှင့် အသိပညာဗဟုသုတများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့် ပြန်/ဆက်