ကျုံပျော် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ် ဆေးများထိုးနှံပေးလျှက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၁) သိန်းကျော်ရှိပြီး၊ ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိကာကွယ်ဆေးထိုးနှံပြီးသူများမှာ အခြေခံပညာကျောင်းပေါင်း(၇၀)မှ အသက် (၁၂) နှစ်နှင့် အထက် ကျောင်းသားကျောင်းသူ (၇၀၃၈) ဦး၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူ (၉၆၀၇၆) ဦး ၊စုစုပေါင်း (၁၀၃၁၁၄)ဦး ထိုးနှံပြီးဖြစ်ကာ၊ သတ်မှတ်ရက်များအလိုက် ဆေးထိုးနှံပေးနေမှုကိုလည်း အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသံချဲ့စက်များဖြင့်လှုံဆော်ကြေငြာခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျုံပျော်တွင် မြို့မတိုက်နယ်အတွက် ပြည်သူ့အားကစားခန်းမအတွင်း၌ ထိုးနှံပေးလျှက်ရှိပြီး၊ အခြား တိုက်နယ် (၄)ခုရှိ ဆေးထိုးစုရပ်များ၌လည်းကာကွယ်ဆေးများဆက်လက်ထိုးနှံပေး လျှက်ရှိကြောင်း ဆေးထိုးလာရောက်သူများ အဆင်ပြေစေရေးအတွက် ပရဟိတအဖွဲ့များနှင့် ဆေးထိုးကြီး ကြပ်အဖွဲ့ များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး