မော်လိုက်(အထက)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

မော်လိုက်  ဒီဇင်ဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားကြရမည့် ဆိုးကျိုးများကို သိရှိလိုက်နာ နိုင်စေရန် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မော်လိုက်မြို့ (အထက)ကျောင်းရှိ စုံညီခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မော်လိုက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဌေး က မူးယစ်ဆေးဝါးနောက်ခံသမိုင်းများ၊ နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ရောင်းချမှုများအား တားဆီးနှိမ်နင်း ဖျက်စီး ခဲ့ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲရောင်းချခြင်းကြောင့် ခံစားကြရမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြို့နယ် အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အခြေအနေများကို Projector ဖြင့် အသိပညာပေး ဟောပြော ပြသခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုး က မူးယစ်ဆေးဝါးသုံးစွဲ ခြင်းကြောင့် ရရှိသည့် ရောဂါဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ကြသည်။

ယင်းနောက် မော်လိုက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် မြင့်နိုင်ထွန်း က ယဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာ ပေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများအတွက် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး လက်ကမ်းစာစောင်များနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဒုတိယ ဗိုလ်မှူးကြီး သီဟဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဌေးနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး