မကွေး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူး ဒေါ်မာလာဝင်း က မိမိတို့လုပ်ငန်းကော်မတီ သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ် ကော်မတီ (၈)ရပ်အနက် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည် ကော်မတီဖြစ်သည့်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း များနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆိုင်းဘုတ်များ စိုက်ထူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေးအတွက် မိမိတို့လုပ်ငန်း ကော်မတီအနေဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆိုင်းဘုတ်များ စိုက်ထူမည့်နေရာများအား ရွေးချယ်နိုင် ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)