သရက်ချောင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

    သရက်ချောင်း   ဒီဇင်ဘာ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွါးရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းလစာငွေ ထုတ်ယူခွင့်ရှိသူ (၆၆၈ဦး ရှိသည့်အနက် ယနေ့တွင် မြန်မာ့စီးပွါးရေးဘဏ်သို့ လာရောက်ထုတ်ယူသူဦးရေ (၇၀ဦးအား ထုတ်ပေးနိုင်ခဲ့ကြောင်း ကျန်နေသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အငြိမ်းစား၀န်ထမ်းများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာ ဒေါ်ယုယုဌေးထံမှ သိရသည်။

အေးနွယ်၀င်း