ကော့သောင်းမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

ကော့သောင်း   ဒီဇင်ဘာ  ၂၃ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharmအား ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  ကော့သောင်းမြို့၊ ပိတောက်ရွှေဝါ ရပ်ကွက်မှ ရပ်ကွက်ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားပြီး ပထမကြိမ် ဆေးထိုးနှံပြီးသူ အသက် (၁၈)နှစ်အထက် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက် ရှိပြီး ယနေ့ ပထမအကြိမ် ဆေးထိုးနှံပြီးသူ ပိတောက်ရွှေဝါရပ်ကွက် ပြည်သူ(၂၀၀)ဦးကို ဒုတိယ အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ယမန်နေ့အထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားအချက်အလက်များအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၄၈၀၀၀)နီးပါး ရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိလူဦးရေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်မှု(၅၁.၉၆)ရာခိုင်နှုန်းခန့် ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)