ထားဝယ် ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်နည်းပညာတက္ကသိုလ်ဝင်းအတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ထားဝယ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် စည်ပင် သာယာရေးအဖွဲ့များတို့က ထားဝယ်နည်းပညာ တက္ကသိုလ်ဝင်းအတွင်း ပတ်ဝန်းကျင်လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့်ခြုံနွယ် ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း စသည် တို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သန့်ရှင်းရေလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)