ထားဝယ် ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အတွင်းရှိ မြို့နယ်များတွင်မီးဘေး လုံခြုံရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ လူစည်ကားသောနေရာများတွင် မီးဘေး လုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်၊ (191)စတစ်ကာ များကိုဝေငှပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသောနေရာများဖြစ်သည့်စျေး၊ တက္ကစီဂိတ်၊ မီးဘေးစိုးရိမ်ရသော နေရာများ၊ အများနှင့်သက်ဆိုင်သောနေရာများ၌ အများပြည်သူအသုံးပြုသည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ တွင်လက်ကမ်းစာစောင်ဝေငှပေးခဲ့ပြီး (191)စတစ်ကာများ ကပ်ခြင်းများကိုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ မီးဘေး ရှောင်မလောင်ခင်တား၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုနှင့်လျှပ်စစ်ဓာတ်အား အသုံးပြုလျှင်ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသားစုအားလုံးအပြင်သွားမည်ဆိုပါက ဘုရားမီး၊ အမွှေး တိုင်မီးပူဇော်လျှင်၊ အထပ်မြင့်တိုက်များမီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရန်ရှောင်ရန်များနှင့် မိမိနေအိမ်တွင်မီးဘေး အန္တရာယ်ကင်းဝေး စေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်ကြောင်းသိရပြီးမီးသတ်ဦးစီးဌာနသို့ အကူအညီ တောင်းခံလိုပါက(191)နံပါတ်(၃)လုံးအားရိုက်နှိပ်၍ ဖုန်းခေါ် ဆိုနိုင်ကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)