ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ကန့်ဘလူ  ဒီဇင်ဘာ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုး သမီးအသင်း (Women Club) တို့ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်ခင်မိုးခက်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်စန္ဒကူး က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လွတ်လပ်ရေးနေ့၏ အဓိပ္ပါယ်၊ ကိုလိုနီ ကျွန်ဘဝ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ရပုံတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေး Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ Talk Show အစီအစဉ်များကို ခရိုင်ပြည်သူ့စာကြည့်တိုက် Page မှ စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)