ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဆွေးနွေးပွဲTalk Show ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်“ ကလေးသူငယ်အခွင့် အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ” ဆွေးနွေးပွဲ  Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘားအံခရိုင်  ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်လွင်က ကရင်ပြည်နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီကို  ဆပ်ကော်မတီ (၈) ခုဖြင့် ဖွဲ့စည်းထားကြောင်း  ၊ ဆပ်ကော်မတီ တစ်ခုဖြစ်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့်  လစဉ်ပုံမှန်အစည်းအဝေးကို (၂)လ တစ်ကြိမ် ဆောင်ရွက်ခြင်းနှင့် စာရင်းများကောက်ယူလျက်ရှိကြောင်း  ၊ ကော်မတီ၏လုပ်ငန်းတာဝန်များတွင် မိသားစုအတွက် ရေရှည်တည်မြဲစေမည့်  အလုပ်အကိုင်အခွင့်အလမ်းများရရှိ လာစေရေးဆောင်ရွက်ပေးခြင်း ၊ ဒေသ ထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း ၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း ၊ အလုပ်အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်ရှာဖွေရေးစနစ် လွယ်ကူကောင်းမွန်စေရန် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်သော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သက်မွေးသင်တန်းများကို လျာထားရာတွင် ဂဟေဆက်သင်တန်း (၂) ကြိမ်ကို သင်တန်းသား (၄၀) ဦးဖြင့်လည်းကောင်း ၊ လျှပ်စစ်သင်တန်း(၁) ကြိမ်ကို သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်ရန်လျာထားပြီး  အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့်  အုပ်ထိန်းသူ ၊ မိဘများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှသာ  ကလေး အလုပ်သမားများ လျော့နည်းပပျောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)