ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်များ ပြသ

ဖောင်းပြင် ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် နံရံကပ်စာစောင်များ ပြသခြင်းကို ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနဆောင်၌ ယမန်နေ့နံနက် ၉နာရီအချိန်က သွားရောက်ပြသခဲ့ကြောင်း သိရသည်။

ထိုသို့ပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်()ရပ်၊ ရှေ့လုပ်ငန်းစဉ် ()ရပ်တို့နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း သိကောင်းစရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့် ကျန်းမာရေးဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများကို အသိပညာပေး ပြသသည်။

ယင်းကဲ့သို့ ပြသရာတွင် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)