ဖျာပုံမြို့နယ်တွင်လူငယ်၊လူရွယ်များ”ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားကိုဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဖျာပုံ    ဒီဇင်ဘာ     ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန မှဝန်ထမ်းများသည် ဖျာပုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင်လူငယ်၊ လူရွယ်များ” ကိုယ်ခံစွမ်းအား မြှင့်တင်ရေး အားကစားကို ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့်ကိုယ်လက်လှုပ်ရှားလေ့ ကျင့်ခန်းများပြုလုပ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ (၂၂)ရက်နေ့နံနက်ပိုင်းတွင်ဖျာပုံမြို့ အထက-၁ကျောင်းတွင်ဆောင်ရွက်ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲနှင့်ကိုယ်လက်လှုပ်ရှားလေ့ကျင်းခန်းများဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးက  ရှင်းလင်းပြောကြားပြီး အားကစားပစ္စည်းများအား ထောက်ပံ့ ပေးအပ်ကြသည်။

ထိုနောက်ကျောင်းသား၊ ကျောင်းသူ များအားကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင်းခန်း များ၊ကိုယ်ကာ ယလေ့ကျင့်ခန်း သရုပ်ပြအကများကပြပြီး ကျောင်းသားကျောင်းသူများ အနေဖြင့် အားကစားလေ့ကျင့်ခန်းများပြုလုပ်ရခြင်းအားဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာပြီး  ကျန်းမာရေး ကောင်းမွန်စေသော လူမှုအဖွဲ့အစည်းတည်ဆောက်နိုင်စေရန် ရည်ရွယ်၍ယခုကဲ့သို့ကျောင်းများအား လိုက်လံပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ဖျာပုံခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှသိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)