လက်ပံတန်း ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရုံး လူထုအခြေပြု ဗဟို ဌာန (Community Center)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ပြုနံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ ဂိမ်းကစားပွဲကို ယနေ့ နေ့လယ် ၁နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒုတိယ ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ ပျော်ရွှင်ဖွယ် ဂိမ်းကစားခြင်းများ ပြုလုပ်ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူလေး များနှင့် ပရိသတ်များက ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထု ပ္ပတ္တိနှင့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်၊ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် (omicron) အပါအဝင် ရောဂါပိုးများ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး