စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကန့်ဘလူ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီက စတုတ္ထအကြိမ် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

ကိုဗစ်ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဆယ်အိမ်ခေါင်းအလိုက် ပေးခြင်းဖြစ်ပြီး အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၁၇၆၅ စုအတွက် အိမ်ထောင်စုတစ်စု လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက် ၊ကျေးရွာအုပ်စု ၉၇ အုပ်စုတို့မှ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၆၆၄၄၉ စုအတွက် သက်ဆိုက်ရာရပ်ကွက်နှင့် ကျေးရွာများအလိုက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းထောက်ပံ့ပေးအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)