သာယာဝတီမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅)နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

သာယာဝတီ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အားကစားနှင့် ကာယပညာဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူး ကြည်မျိုးလွင်က အမှာစကား ပြောကြားပြီး ပထမနေ့အဖြစ် 225 FC အသင်းနှင့် ရေဝေ FC အသင်းတို့က စတင်ယှဉ်ပြိုင် ကစားခဲ့သည်။ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင် ကလပ်အသင်း (၁၀) သင်းဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သန့်ဇော်