ဒေးဒရဲ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ ဓာတ်မြေဩဇာသုံးစွဲမှု လျော့ကျစေရန်နှင့် တစ်ဧကမျိုးစေ့ အသုံးပြုနှုန်းထား လျော့ကျစေရန်အတွက် ယနေ့နံနက် (၈)နာရီခွဲအချိန်က ဘက်စုံအဆင့်မြင့် နည်းပညာသုံး ကုန်းတန်းကလေးကျေးရွာရှိ တောင်သူဦးမောင်စိုး၏ လယ်မြေဧက ၃၀ အတွင်း၌ မျိုးစေ့ချကရိယာ Seeder ဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး မျိုးစေ့ချကရိယာ Seeder ဖြင့်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးနည်းပညာနှင့် အခက်အခဲများ ဖြစ်ပေါ်လာပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
အေဇာလင်း