ဟိုင်းကြီးကျွန်း ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပင်လယ်ပြင် ငါးဖမ်းရေယာဉ်လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ပုသိမ်ခရိုင်ငါးလုပ် ငန်းဦးစီးဌာနမှူး ဦးအေးနိုင်ဦးဆောင်သော အဖွဲ့နှင့် ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းဦးဆောင်သော ဌာနဆိုင်ရာများတက် ရောက်ခဲ့ကြပြီး သင်တန်းသားများအဖြစ် ရေလုပ်ငန်းရှင် (ကိုယ်စားလှယ်များ) ငါးဖမ်းရေယာဉ်ဦးစီး(လှေဦးစီး)များ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဖွင့်လှစ်ရာတွင် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာ သဘာဝဘေးအန္တရာယ်နဲ့မှုခင်းတို့၊ မီးဘေးအန္တရာယ်တို့၊ လူကုန်ကူးမှုတို့က အချိန်အရွေးဖြစ်ပေါ်လာနိုင်တယ် ပင်လယ်ပြင်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိလာခဲ့ရင်လဲ အချိန်မီကုသမှု ထိန်းသိမ်းမှုတွေကို ဘယ်လိုလုပ်မယ် စတဲ့သင်ခန်းစာတွေနဲ့တခြား ငါးလုပ်ငန်းနဲ့ဆိုင်တဲ့ ပညာရပ်တွေ ဥပဒေတွေကို မိတ်ဖက်ဌာနတွေနဲ့ ပူးပေါင်းပြီးတော့ သင်ကြားပို့ချသွားမှာဖြစ်ပါတယ် ဒေသခံရေလုပ်သားတွေအတွက် အကျိုးရှိတဲ့ ဘာသာရပ်တွေဖြစ်တဲ့အတွက် သင်တန်းတက်ရောက်သူများ အနေနဲ့ ပါဝင်ဆွေးနွေမှုများကို လုပ်ဆောင်ကြဖို့အထူးလိုအပ်ပါကြောင်း ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင် ဦးစီးဌာနမှူး ဦးအေးနိုင်က အမှာစကားပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် သင်တန်းနှင့်ပတ်သက်၍ “ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနက ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က သင်တန်းနည်းပြများအဖြစ် ပူးပေါင်းဆောင် ရွက်သွားမည်ကြောင်းသိရှိရသည်။ သင်တန်းသို့ သင်တန်းသားအဖြစ် တက်ရောက်လာကြသော ရေလုပ်ငန်းရှင် (ကိုယ်စားလှယ်များ) ငါးဖမ်းရေယာဉ် ဦးစီး(လှေဦးစီး) ၂၀ ဦးကို ရှေးဦးသူနာပြုစုခြင်း ဆိုင်ရာများ သိရှိစေရေး၊ ပင်လယ်ပြင် ငါးဖမ်းရေယာဉ်များ ပေါ်တွင် ပြစ်မှုကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ တာဝန်သိစိတ်ဖြင့် ငါးဖမ်းခြင်းဆိုင်ရာများ၊ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပင်လယ်ငါးဖမ်း ရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ မျိုးသုဉ်းရှားပါး ရေနေနို့တိုက် သတ္တဝါ ထိန်းသိမ်းရေးဆောင်ရွက်မှုများ၊ VMS ညွှန်ကြားချက်၊ ပင်လယ်ငါးလုပ်ငန်းများအား ငါးလုပ်ငန်း ဦးစီးဌာနနှင့်ရေကြောင်းရဲတို့ ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာများ စသည့်သင်ခန်းစာများကို ဆွေးနွေးသင် ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်း ကာလမှာ ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးသန်းထွန်းအောင်က ပြောသည်။
ဟိုင်းကြီးကျွန်းမြို့သည် ပင်လယ်ပြင်ငါးဖမ်းခြင်းလုပ်ငန်းကို အဓိကထားဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး ကမ်းနီးငါးဖမ်းလုပ်ငန်းနှင့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ကမ်းဝေးငါးဖမ်းရေယာဉ် ၈၆ စင်းရှိကာ ကမ်းနီးငါးဖမ်းရေယာဉ် အစင်းတစ်ရာကျော်ရှိသည်။ ကမ်းနီးငါးဖမ်းရေယာဉ်တစ်စင်း၌ ရေလုပ်သား ၆ ဦးမှ ၈ ဦးခန့်အထိရှိပြီး ကမ်းဝေးငါးဖမ်း ရေယာဉ်တစ်စင်းတွင် ရေလုပ်သား ၁၈ ဦးမှ ၂၀ ဦးအထက်တွင်ရှိရာ ငါးဖမ်းရာသီများတွင် ပင်လယ်ပြင်၌ ရေလုပ်သား ထောင်နှင်ချီပြီး အလုပ်လုပ်ကိုင်ကြသော ဒေသတစ်ခုလည်းဖြစ်သည်။ ငါးလုပ်ငန်းဦးစီးဌာနက ယခုဖွင့်လှစ်သင်ကြားပို့ပေးသော သင်တန်းမှာ ရေလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေကြသော ရေလုပ်သားများအတွက် များစွားအကျိူးရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ပေးနိုင်ရေးအတွက် ဒေသခံရေလုပ်သားများက လိုလားလျက်ရှိကြောင်း သိရှိရသည်။
ပင်လယ်ပြင် ငါးဖမ်းရေယာဉ်လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးသင်တန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်း (၆) ကြိမ်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ဖျာပုံမြို့တွင် (၃)ကြိမ်၊ ဘိုကလေးမြို့တွင် (၁)ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဟိုင်းကြီးကျွန်းတွင်(၁) ကြိမ်စုစုပေါင်း (၅)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)