ဒေးဒရဲမြို့၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖျာပုံခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ရေးဆွဲသည့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂)အရ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အတွက် ပြည်သူယုံကြည်အားကိုးသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာစေရန် နိုင်ငံတစ်ဝန်း တရားရုံးများတွင် အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တိုးတက်ကောင်းမွန်အောင် မှုခင်းစီမံခန့်ခွဲမှု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒေးဒရဲမြို့နယ်တရားရုံးက မြို့နယ်တရားသူကြီး ဒေါ်အိအိမျိုးက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အသုံးပြုမည့် ပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်အဆင့် တရားလွှတ်တော် ရှေ့နေများက မှုခင်းများ ကြန့်ကြာမှုမရှိစေရေး အကြံပြုခြင်းနှင့် မှုခင်းအမျိုးအစား သတ်မှတ်ချက်များနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရာတွင် ပြည်သူများ၏ အခက်အခဲများကို တင်ပြခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဖျာပုံခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးဝင်းထွဋ်အောင်က မေးမြန်း ဆွေးနွေး ချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်တရားသူကြီး ဒေါ်သူဇာအေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ဝင်း၊           မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့် တရားလွှတ်တော် ရှေ့နေများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း