ငဖဲမြို့နယ် ပဒါန်းကျေးရွာမှပြည်သူ (၅၇)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်

ငဖဲ ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း က ပဒါန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒု-လ၀ကမှူး ဦးမျိုးမင်းကျော် က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေး ကတ်ပြားများအခမဲ့ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စနစ်တကျ ထိန်းသိမ်း၍ကိုင်တွယ်အသုံးပြုရန် အချက်များကို အသိပညာပေးပြောကြားသည်။

ထို့နောက် ဒု-လ၀ကမှူး ဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများ က နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ် ရသေးသူ (က) ()ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး အသစ်လဲလှယ်သူ (၂၇)ဦးနှင့် မိတ္တူပြုလုပ်သူ (၂၂)ဦး စုစုပေါင်းပြည်သူ (၅၇)ဦးတို့အား အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိသည့်ကျေးရွာများအရောက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)