ကျွန်းလှ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရန် ဩဂုတ်(၂၂)ရက်မှ(၂၈)ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ပညာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ ပူးပေါင်းပြီး မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်ရေး၊ မပါဝင်သင့်သူများမပါရှိရေး ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း(၁၁၄)ရွာရှိပြီး မဲဆန္ဒရှင် ပြည်သူ (၇၅၉၇၉)ဦးရှိကြောင်း၊ မဲရုံ(၉၁)ရုံထားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)