မြောင်းမြ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီက မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဋ္ဌာနသို့ သွားရောက်ဆောင်ရွက် ပေးခဲ့သည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေဖတ်ရှုရာတွင် အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက် သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို နှစ်ပတ်တစ်ကြိမ် ပုံမှန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်အသင်းဝင်ကတ်များကိုလည်း အခမဲ့ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရပါသည်။
စန္ဒာကြည်