မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မြဝတီ    ဒီဇင်ဘာ  ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာများကို  ယမန်နေ့မှစတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် အလှည့်ကျထုတ်ပေးခဲ့သည်။

ထိုသို့ထုတ်ပေးရာ၌ ဒီဇင်ဘာ (၂၁)ရက်နေ့မှ ယနေ့နံနက်(၉)နာရီအထိ အငြိမ်းစားဝန်ထမ်း (၆၁၉)ဦးခန့်က ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကိုလည်း ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)