ဟင်္သာတခရိုင် ပြန်ဆက်ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

 ဟင်္သာတ ဒီဇင်ဘာ  ၂၂

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယနေ့  နံနက် (၁၀)နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာန   ဦးစီးမှူး ဦးဝင်းရှိန် က  Talk Show  ဆွေးနွေပွဲ    ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး  ဟင်္သာတမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ခင်နန်းချိုက လွတ်လပ်ရေးနေ့သမိုင်းကြောင်း၊ လွတ်လပ်ရေး၏အရသာ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍  အသိပညာပေး  ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ နှင့်အညီ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကို ဆက်လက် ကျင်းပ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဇော်