ဘုရားသုံးဆူ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်နှင့် လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား ယမန်နေ့ညနေ ၅ နာရီအချိန်၌ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုများအား ဘုရားသုံးဆူမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဇော်မိုးမှ ကြီးကြပ်၍ မီးသတ်ဦးစီးဌာနမှ ဒုတိယ မီးသတ်ဦးစီးမှူး ဇင်မင်းထက်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများတွင် လျှပ်စစ်မီး၊ ထင်းမီး၊ ပေါ့ဆမီး၊ တောမီးများ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)