ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်းဆောင်ရွက်

ညောင်တုန်း    ဒီဇင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာရေးဆရာဖေမြင့် ရေးသားသော “‌‌အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ် ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ()နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ ကိုရွှေသံ(မြန်မာစာ)က အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ပါမိမိကိုယ်ကို ထိန်းသိမ်းခြင်းလောကကြီးထဲမှာ မိမိနေရာကိုရှာဖွေခြင်းကြီးကျယ်မြင့်မားသောဘဝခေါင်းစဉ်များဖြင့် လည်း ကောင်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယကဦးမြင့်ဟန်ကတစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည်အခွင့်အရေးဆိုသည်မှာပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်းစသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့‌‌ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)