လှိုင်းဘွဲမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်

လှိုင်းဘွဲ  ဒီဇင်ဘာလ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ကို ‌တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ ပြပွဲပြခန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မမေ့သင့်မမေ့အပ်သော လွတ်လပ်ရေးနေ့အကြောင်း၊ လွတ်လပ် ရေးနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့စေရေး၊ မျိုးချစ်စိတ်ဓါတ် ထက်သန်လာစေရေး နှင့် လွတ်လပ်ရေး၏ အနှစ်သာရတန်ဖိုးကို သိရှိစေပြီး ထိန်းသိမ်း တတ်စေရန် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် သိမှတ်စရာများ၊ နယ်ချဲ့ဆန့်ကျင် ရေး သူရဲကောင်း တို့၏ ဆောင်ရွက်ချက်များ၊ ဗဟုသုတဖြစ်ဖွယ် သုတ/ရသ စာအုပ်၊ စာစောင်များ ခင်းကျင်း ပြသထားမှု၊ နံရံကပ်စာစောင် ပြသထားရှိမှုနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို  စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)